မိုင်းရှူးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

 


MNP - စက်တင်ဘာ  ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေးအတွက် ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးမိုးလွင်က ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းပပျောက်စေရေးအတွက်‌ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန်၊ လမ်းမကြီး‌ပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထား ခြင်းများမပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသား သင်္ကေတလမ်းညွှန်များအား လိုက်နာရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ‌ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍မစီးရန်၊ လမ်း‌ပြောင်းပြန် မစီးရန်၊ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၅)ဦး တက်ရောက်ကြကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)