စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့်

 


MNP - စက်တင်ဘာ   ၂၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လင်းလွန်းပင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့က စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။


သင်တန်းဖွင့်ပွဲသို့ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုချိုဝင်းနှင့်ဝန်ထမ်းများ၊ သင်တန်းသားသင်တန်းသူ(၅၅)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ဦးစီးအရာရှိဒေါ်ချိုချိုဝင်းက နေကြားသီးနှံစနစ်တကျစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့်အကျယ်တဝင့်ရှင်းလင်းပို့ချပြီး ဒုတိယဦးစီးမှူးဒေါ်ခင်မာဌေးက ပိုးမွှားရောဂါကျရောက်မှုကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမြင့်လွင်က မိုးစပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။


သတင်း -အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)