ရွှေတောင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွှဲနှင့် ဆောင်းသီးနှံဆီထွက်နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွှဲနှင့် ဆောင်းသီးနှံဆီထွက်နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပ



MNP - စက်တင်ဘာ  ၂၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု ၊ဘယ်လက်ကျေးရွာတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲနှင့်   ဆောင်းသီးနှံဆီထွက်နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားတွင်ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ စိုက်ပျိုး‌ရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးစန်းလွင်၊ ခရိုင်လယ်စီအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးခင်မောင်မြင့်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်တို့မှ တောင်သူများအား ဆောင်းသီးနှံဆီထွက်နေကြာမျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခဲ့ကြပြီး တောင်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် ဘယ်လက်ကျေးရွာ၊ ကွင်းအမှတ်(၄၀၈)၊ ရွာဟောင်းကွင်းအတွင်းရှိ တောင်သူဦးသန်းအောင်၏ လယ်မြေတွင် စိုက်ပျိုးထားသော ရတနာတိုးမျိုးစပါး (၁)ဧကစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြရာ တစ်ဧကအထွက်နှုန်း (၁၁၁.၉၅)တင်း ထွက်ရှိကြောင်း သိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)