ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု




MNP ၊ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့သည်။


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် မွေးမြူရေးခြံများမှ ထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် ပဲခူးမြို့နယ် အင်းတကော်မြို့ရှိ Royal Green Smart Co., Ltd တို့၏ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့ရာ စက်ရုံတာဝန်ခံများမှ အော်ဂဲနစ်မြေဩဇာထုတ်လုပ်မှု အဆင့်ဆင့် ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။


ပဲခူးမြို့နယ်အတွင်း သဘာဝမြေဩဇာစက်ရုံ (၃)ရုံရှိပြီး တစ်ရက်လျှင် တန်(၉၀)ကျော် ထွက်ရှိကာ ပါဝင်ပစ္စည်းအပေါ်မူတည်၍ မြေဩဇာ(၁)အိတ်လျှင် အများဆုံး(၆)သောင်းကျပ်မှ အနည်းဆုံး(၂)သောင်းကျပ်ထိ ရှိကာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)