ဒုတိယဝန်ကြီး ဦးဝင်းရှိန် ထက်ဦးသင်တန်းကျောင်းနှင့် သုခစုစံသင်တန်းကျောင်းများသို့ ကွင်းဆင်းကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ထက်ဦးသင်တန်းကျောင်းနှင့် သုခစုစံသင်တန်းကျောင်းများသို့ ကွင်းဆင်းကြည့်ရှုအားပေး


MNP ၊ စက်တင်ဘာ ၁

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၅)ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု ထက်ဦးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။


ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ထက်ဦးသင်တန်းကျောင်းများအနေဖြင့် အရည်အသွေးပြည့်မီသည့် သင်ထောက်ကူပစ္စည်းများ အသုံးပြုရန်၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် သင်ရိုးညွှန်းတမ်းများကို စာတွေ့/လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေးပြည့်ဝသည့် နည်းပြဆရာများဖြင့် သင်ကြားပို့ချခြင်းဖြင့် သင်တန်းဆင်းများ လုပ်ငန်းခွင်သို့ ဝင်ရောက်ချိန်တွင် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထက်ဦးသင်တန်းကျောင်းမှ အမျိုးသားအဆင့် အသိအမှတ်ပြု ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် ဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ NSSA အသိအမှတ်ပြု သုခစုစံသင်တန်းကျောင်း Assessment Center သို့ ရောက်ရှိပြီး ဂဟေဆက်လုပ်သားကျွမ်းကျင်မှု အဆင့်(၁) အလုပ်အကိုင်အတွက် ဖြေဆိုသူ(၁၅)ဦးကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရာတွင် ပစ္စည်းကိရိယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး Familiarization ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ သင်တန်းတာဝန်ခံများကို ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းသည် ကာယကံရှင်အတွက်သာမက လုပ်ငန်းရှင်နှင့် နိုင်ငံတော်အတွက်ပါ များစွာ အကျိုးသက်ရောက်မှုရှိကြောင်း၊ စစ်ဆေးအကဲဖြတ်သူများ အနေဖြင့်လည်း စစ်ဆေးရေးမှူးကောင်းများ ဖြစ်လာစေရန် Assessor တစ်ဦး၏ တာဝန်ဝတ္တရားများ လိုက်နာရမည့် ကျင့်ဝတ်များ၊ စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၃၁) မျိုးအတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၉၉ ခုကို တည်ထောင်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား ၁၈၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)