ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မအူချောင်းအတွင်း ငါးသားပေါက်ကောင်ရေ (၅)သိန်း စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မအူချောင်းအတွင်း ငါးသားပေါက်ကောင်ရေ (၅)သိန်း စိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

 



MNP - စက်တင်ဘာ   ၂၈


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ထောင်တစ်လုံပိုင်၊ ဘဲတန်းတံတား၊ အမှတ်(၇)လမ်းအနီး သဘာဝမြစ်ချောင်းဖြစ်သော မအူးချောင်းအတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင် (၅)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။


အဆိုပါငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး  ဦးတင့်လွင်က ငါးမျိူးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ သဘာဝမြစ်ချောင်းများအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် ပြည်သူများ ငါးရိက္ခာပိုမိုစားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်များအား သဘာဝမြစ်ချောင်းများ စိုက်ထည့်ပေးခြင်းဆောင်ရွက်ခဲ့ပြီး ယခုနှစ်ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ သဘာဝမြစ်ချောင်းများတွင် ယနေ့ငါးကောင်ရေ (၅)သိန်း အပါအဝင် စုစုပေါင်း (၅)ကြိမ်တွင် ငါးသားပေါက်ကောင်ရေပေါင်း သိန်း(၃၀)ရှိပြီးဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြီးကြပ်ရေးကော်မတီဝင်များ မအူးချောင်းအတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၅)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)