မရမ်းကုန်းခရိုင်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းခရိုင်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ




MNP - စက်တင်ဘာ   ၂၂


နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍသည် အဓိကအခန်းကဏ္ဍ တစ်ရပ်တွင် ပါဝင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မရမ်းကုန်းခရိုင်၌ ခရိုင်အဆင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ နာရီအချိန် က မရမ်းကုန်းမြို့နယ် အမှတ်(၁)   အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်တို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်တာဝန်ခံပညာရေးမှူး ဒေါ်ဝေဝေမြင့် က ဆုချီးမြှင့်ပွဲဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်ခရိုင်အတွင်း ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်တို့ရှိ ကျောင်းသား၊ ကျောင်းသူများအနက် (၄)ဘာသာရရှိသူ ဂုဏ်ထူး(၁၈)ဦးအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် (၃)ဘာသာဂုဏ်ထူး၊ (၂)ဘာသာဂုဏ်ထူး၊ (၁)ဘာသာဂုဏ်ထူးရရှိသူများ ကိုယ်စား သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများထံသို့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)