MNP ၊ စက်တင်ဘာ ၁၆
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ(၁၆)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် (Worid Ozone Day) အဖြစ် ယနေ့ နံနက်(၈)နာရီက ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ် ကွက်များရှိ လူစည်ကားရာနေရာများသို့သွားရောက်ကာ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်/မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှဝန်ထမ်းများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူသွား လူလာများပြီး လူစည်ကားရာနေရာများဖြစ်သည့် နာရီစင်ရှေ့လမ်းမတန်းတစ်လျှောက်နှင့် မြို့မ စည်ပင်သာယာဈေးကြီးသို့သွားရောက်ပြီး လမ်းသွား၊လမ်းလာပြည်သူများ၊ အငှားယာဉ်မောင်း နှင်နေသူများ၊ ဈေးရောင်း၊ဈေးဝယ်လာသူများနှင့် ဆိုင်ခန်းအသီးသီးတွင် ဈေးရောင်းချနေသူများ ကို အိုဇုန်းလွှာထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့်“အိုဇုန်းလွှာပျက်စီးမှုနှင့်ရာသီ ဉတုပြောင်းလဲမှုအကြားဆက်နွယ်မှုများအကြောင်းသိကောင်းစရာ” အသိပညာပေးလက်ကမ်း စာစောင်၊ “အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများ”အသိပညာပေးလက် ကမ်းစာစောင်၊ “၃၅ နှစ်တာ မွန်ထရီရယ်အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့် အဝှမ်းပူးပေါင်းဆောင်ရွက်စို့” အသိပညာပေးလက်ကမ်းစာစောင်နှစ်စောင် စသည့် အသိပညာ ပေးလက်ကမ်းစာစာင်လေးမျိုးအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment