MNP ၊ စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ(၂)က ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုက်ထိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်၊ ကလေးသူငယ်များနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်များ၊ ကလေးအလုပ်သမားများအတွက် ပညာရေး ကျန်းမာရေး လူမှုရေးစသည့် အထွေထွေထိခိုက်ဆုံးရှုံးမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ တည်ဆဲဥပဒေနှင့် အညီ ကလေးသူငယ်များ ရရှိခံစားရမည့် အခွင့်အရေးများ အကာအကွယ်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment