Mtube platform နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံနေသည့်သတင်းမှာ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Mtube platform နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံနေသည့်သတင်းမှာ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

 


MNP ၊ စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  မှ ပြုလုပ်လျက်ရှိသည့် Mtube platform နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံနေသည့်သတင်းများမှာ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ကြောင်း ပြန်ကြားရေးဒုဝန်ကြီး  ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်သည်။

Mtube platform သည်စမ်းသပ်လုပ် ဆောင်ဆဲအဆင့်တွင်သာရှိနေပြီး အမှန်တကယ်အသုံးပြု ထုတ်လွှင့်မည့်အချိန်အား အသိပေးထုတ်ပြန်ပေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာများ၌ နစက မှပြုလုပ်လျက်ရှိသည့် Mtube platform တွင် စက်တင်ဘာ ၁၅ ရက်ညပိုင်းနှင့်စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတိုတွင် ညစ်ညမ်းရုပ်သံတိုများပြသခဲ့သည်ဟု ရေးသားဖြန့်ဝေနေလျက်ရှိသည်။

အဆိုပါ ညစ်ညမ်းရုပ်သံတိုများအား”မူလတန်းကြိုဆရာဖြစ်သင်တန်းအတွက် ကျောင်းသားသစ်များအားကြိုဆို”ဟုသည့် သတင်းခေါင်းစဉ်အောက်တွင် ပြသထားခြင်းဖြစ်သည်ဟုလည်း ရေးသားဖြန့်ဝေထားကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Facebook လူမှုကွန်ယက်စာမျက်နှာနေရာတွင် အစားထိုးရန် Social Media platform တစ်ခုအား ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားထားသည်။

Mtube Live Streaming Platform ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံရှင်းလင်းတင်ပြသည့် သတင်းကို ထုတ်ပြန်ခဲ့ပြီး အသုံးပြုနိုင်သည့်အချိန်တွင် ထပ်မံထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)