MNP ၊ စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်(၇)နာရီအချိန်က လက်ပန်လှကျေးရွာအခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ် (၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင် ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၃၀ အိတ်၊ ဆီ(၁)ပိဿာ ၆၅၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၁၁၀ ၊ ကြက်ဥ (၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၃၀၀၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ ၃၆၀၀ ကျပ်နှုန်းဖြင့် ၂၈၀ ပိဿာ၊ အာလူး ၁ ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၈၀ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ ၂၃၀၀ နှုန်းဖြင့် ၄၀ ပိဿာတို့ကို လက်ပန်လှကျေးရွာနေ ပြည်သူ ၂၀၀၀ ဦးတို့ထံသို့ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချနိုင်ရေး၊ ပြည်သူများ လက်ဝယ်အရောက်ဝယ်ယူနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment