MNP ၊ စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်းစွမ်းရည် ဒီဂရီကောလိပ်သင်တန်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီ စတင်၍ ကျင်းပခဲ့ရာ နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာရပ် နှင့် နေ့လယ် ပိုင်းတွင် သင်္ချာဘာသာရပ်တို့အား ဖြေဆိုခဲ့ကြသည်။
ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စစ်ကိုင်းစွမ်းရည် ဒီဂရီ ကောလိပ်သင်တန်း ဝင်ခွင့်စာမေးပွဲ ရေးဖြေ ဖြေဆိုသူ စာရင်းရှိ အမျိုးသား ၂၇ ဦး ၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၅၂ ဦးရှိသည့် အနက် အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာတို့အား ဝင်ရောက် ဖြေဆိုသူပေါင်း အမျိုးသား (၂၀)ဦး နှင့် အမျိုးသမီး(၁၉)ဦး ပေါင်း(၃၉) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ အမျိုးသား(၇) ဦး၊ အမျိုးသမီး (၆)ဦး စုစုပေါင်း (၁၃)ဉီး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment