ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ



MNP - စက်တင်ဘာ   ၁၁


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်  လမ်းသွားလမ်းလာ ပြည်သူများအား  နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင် များက မြို့မနာရီစင် လမ်းမကြီးအနီးရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြပြီး နှာခေါင်းစည်း Mask  (၁၂၅၀) ခုအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)