MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့ မြို့မဈေးကြီးအနီး သုံးဘီးဆိုင်ကယ်တစ်စီးပေါ် မှ စက်တင်ဘာ ၁၀ ရက်နေ့ (၁၇:၀၀)မိနစ်အချိန် စိတ်ကြွဆေးပြားများနှင့် သယ်ဆောင်လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ မောင်တောမြို့ ၊ မြို့မမြောက်ရပ်ကွက် ၊ မြို့မဈေးကြီး အရှေ့ဘက် ဦးဥတ္တမလမ်းမကြီးပေါ် ဆန်တန်းအနီး ရပ်တန့် ထားသည့် သုံးဘီးဆိုင်ကယ်မောင်းနှင်းသူ မာမတ်နော်ဇူမူဒိန်(ကျား) နှင့် နောက်ခန်းတွင် နေထိုင်သူ ရော်မီဒါ (မ)နှစ်ဦး အား တွေ့ရှိရပြီး ရော်မီဒါ ကိုင်ဆောင်ထားသော အနက်ရောင် ကြွပ်ကြွပ်အိတ်ကြီးအား စစ်ဆေးရာ TOBACCO စာတမ်းပါ အာ မွှေး 92 သံဗူး(၁)ဗူးအတွင်း ကွမ်းယာများဖြင့် ဖုံးအုပ်လျှက် အနက်ရောင် ကြွပ်ကြွပ်အိတ်အစ ၊ တိတ် အနက်ရောင်တို့ဖြင့် ပတ်ထားသည့် အထုပ်(၁)ထုပ်အားတွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းကိုင်ဆောင်ထားသော အနက်ရောင် အိတ်အတွင်းမှ ၎င်း အမည် နှင့် ဓါတ်ပုံပါ ကျေးရွာအုပ်ချုပ်ရေး၏ ထောက်ခံချက်တစ်ခု ၊ အနှိုင်းမဲ့တံဆိပ်ပါ အမျိုးသမီးဖိနပ်(၁)ရံ ၊ ဘော်ကြယ် များပါ ပန်းရောင်အမျိုးသမီးဝတ်အကျီ (၁)ထည် ၊ TOBACCO စာတမ်းပါ အာ မွှေး 92 သံဗူး(၁)ဗူးအတွင်း ကွမ်းယာ များအောက် သိုဝှက်၍ အနက်ရောင်ကြွပ်ကြွပ်အိတ်အစ ၊တိတ်အနက်ရောင်တို့ဖြင့် ပတ်ထားသည့် အထုပ်(၁)ထုပ်အတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်လျှက် စိတ်ကြွရူးသွပ်ဆေးပြား စာတမ်းမထင်မရှား လိမ္မော်ရောင်ဆေးပြား ၂၀၀ ပြားပါတစ်အိတ် ၊ ၁၀၀ ပြားပါတစ်အိတ် ၊ ၄၅ ပြားပါ တစ်အိတ် စုစုပေါင်းသုံးအိတ်အတွင်းမှဆေးပြားပေါင်း (၃၄၅)ပြား အားတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ ရော်မီဒါ (မ) အသက်(၄၂)နှစ် (ဘ)ဘာဘူးဟူးဆောင်း ကျောက်လှေကားကျေးရွာနေသူ နှင့် လိုက်လံပို့ဆောင်ပေးသူ မာမတ်နော်ဇူမူဒိန် (သုံးဘီးမောင်း) ပေါင်းဇား ကျေးရွာ အုပ်စု နေထိုင်သူတို့ (၂)ဦးအား မြို့မရဲစခန်းတွင် မယ(ပ) ၃၁/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ ညအမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost


No comments:
Post a Comment