သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး( Booster) စတင်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး( Booster) စတင်ထိုးနှံပေး




MNP - စက်တင်ဘာ   ၁၀    


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀)နာရီက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း (Booster) စတင်ထိုးနှံခြင်း ကို အဆိုပါ ကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာစန်းနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်း နှင့် အသင်းဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာမ ဒေါ်ခင်ငြိမ်းဌေးတို့က သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၇၀)အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များမှ ကိုဗစ် ကာကွယ်ဆေးထိုးနှံရာတွင် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဖြည့်စွက်အစားအစာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး (Mask)များ ပေးဝေခဲ့ သည်။


သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုလဲ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို လျာထားချက် ပြည့်မီအောင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)