တောင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္တာကြံ့ခိုင်ဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ နွားနို့နှင့် ကြက်ဥများတိုက်ကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္တာကြံ့ခိုင်ဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ နွားနို့နှင့် ကြက်ဥများတိုက်ကျွေး




MNP - စက်တင်ဘာ   ၁၁


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္တာကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ထက်မြက်စေရန်နှင့် နွားနို့သောက်သုံးသော အလေ့အကျင့်ကောင်းများ ရှင်သန်တိုးပွား စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်သည့် တောင်ကြီးမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရေးအစီအစဉ် (School Milk Program) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)၊ အခြေခံပညာ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။


အခမ်းအနားတွင် ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင်က School Milk Program ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် နွားနို့တိုက်ကျွေးခြင်းဖြင့် ကျောင်းနေအရွယ်ကလေးများ ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးနှင့် ညီညွှတ်သော အသင့်ကျိုချက်ပြီး နွားနို့ဗူးများနှင့် ကြက်ဥများကို ပေးအပ်ရာ ပညာရေးဌာနမှ တာဝန်ရှိသူတို့က လက်ခံ ရယူခဲ့သည်။


ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အမှတ်(၂)၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၆၁)ဦးတို့အား နွားနို့ဘူးနှင့် ကြက်ဥတို့ကို လက်ဝယ်ရောက် ဝေငှတိုက်ကျွေးခဲ့သည်။


ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ အခြေခံပညာ ကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ်ကို ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် တောင်ကြီးမြို့နယ်ရှိ မူလတန်းကျောင်း(၁၁)ကျောင်းနှင့် မူဆယ်မြို့နယ်ရှိ မူလတန်းကျောင်း(၁၀)ကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅၀၀)ဦးတို့အား ဟဲဟိုးမြို့နှင့် မူဆယ်မြို့ရှိ မွေးမြူရေးခြံများမှ ထုတ်လုပ်သော အသင့်ကျိုချက် ထားသည့် နွားနို့ဘူးများကို ရက်သတ္တပတ် တစ်ပတ်လျှင်(၂)ကြိမ်နှုန်းဖြင့် အကြိမ်(၃၀)ထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)