ရန်ကင်းမြို့နယ်တွင် လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကျင်းပ

 


MNP - စက်တင်ဘာ   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆယ်ကျော်သက် လူငယ်လူရွယ်လေးများ အွန်လိုင်းအသုံးပြုခြင်းနှင့် ပတ်သက်၍ သိကောင်းစရာ များကို စာရေးဆရာ မောင်နေအေး (G.T.I)နှင့် ရန်ကင်းမြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၉ နာရီ ၅၀ အချိန်က လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသွယ်နှင့် အငယ်တန်းစာရေး ဒေါ်စုစုစံတို့က လူငယ်တွေအနေနဲ့ အွန်လိုင်းကို အကျိုး ရှိစွာ ဘယ်လိုအသုံးချရမလဲ၊ အွန်းလိုင်းပေါ်ကနေ သင်ပြနေတဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ခံယူမှု၊ အွန်လိုင်းမှသင်ကြားမှုတွေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး၊ လူငယ်တွေအနေနဲ့ အွန်လိုင်းကိုအသုံးပြုပုံ ဘာကြောင့် မှားယွင်းနေရတာလဲစတဲ့ အသိပညာပေး အကြောင်းအရာတွေကို မေးမြန်းခဲ့ရာ စာရေးဆရာ မောင်နေအေး (G.T.I) က လူငယ်တွေအနေနဲ့ အွန်လိုင်းကနေ သတင်းအချက်အလက်တွေ၊ အခြားအကြောင်း အရာတွေကို အလွယ်တကူရှာဖွေနိုင်တဲ့ နည်းပညာ ခေတ်ကြီးမှာ အွန်လိုင်းကို အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း အချိန်ပြည့် သုံးနေမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခက်အခဲတွေ ဖြစ်နိုင်လာနိုင်ပါတယ်။ သုံးရင်းနဲ့ မိမိကိုယ်ကိုယ် မေးခွန်းတွေ ထုတ်လို့ရပါတယ်။ သို့မှသာ ကိုယ်ဘာလုပ်နေလဲဆိုတာကို သတိပြုဆင်ခြင်နိုင်မှာဖြစ်ပါကြောင်းနှင့် အွန်းလိုင်းသင်တန်းတွေမှာ လက်တွေ့ ကျကျ သင်ပြလို့မရနိုင်တာရှိသလို၊ အကျိုးရှိတဲ့ သင်တန်းတွေလည်း ရှိပါကြောင်း ဆယ်ကျော်သက် လူငယ်တွေ အွန်းလိုင်းကို အသုံးပြုမှုမှန်ကန်ဖို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သို့ဖြစ်ရာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေး လုပ်ငန်းများ ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ပြီး၊ အသိပညာပေး Talk Show ကို ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင်လည်း လွှင့်တင်သွားမည် ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကင်းမြို့နယ်ရုံးမှ  သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)