အောင်လံမြို့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ကွင်းဆင်းစစ်ဆေးဆောင်ရွက်



MNP - စက်တင်ဘာ  ၃၀


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အောင်လံမြို့တွင် ခရိုင်အဆင့်ဌာနဆိုင် ရာရုံးမြေနေရာလျာထားထားရှိသည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။


အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာန တာဝန်ရှိသူများအတူ ခရိုင်အဆင့်ဌာနဆိုင်ရာရုံးမြေနေရာလျာ ထားထားရှိသည့် စက်ရုံရပ်ကွက်ဝါကြိတ်စက်ရုံဝန်းမြေနေရာ၊ နွားပွဲဈေးကွင်းဟောင်းမြေနေရာနှင့် တရော်ကုန်းရပ်ကွက်ရှိ ဝါမျိုးသန့်ခြံမြေနေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အောင်လံခရိုင်ရုံးနှင့် အောင်လံမြို့နယ်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)