MNP ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ်ရောဂါပိုးများ ပြန့်ပွားမှုမရှိစေရေးအတွက် လူအများစုဝေးနေသည့် Institution များတွင်နေထိုင်သူများ လိုက်နာဆောင်ရွက်ရမည့် Version 2.0 အချက်များအား အသိပေးနိုးဆော်ခြင်းကို ယမန်နေ့၊ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားသည့် နေရာများ နှင့်လမ်းဆုံလမ်းခွများသို့ လှည့်လည်ကြော်ငြာခဲ့ကြသည်။
ထိုသို့ နိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမိခရွန် မျိုးစိတ်သစ် ရောဂါပိုးအမျိုးအစားသည် ရန်ကုန်မြို့အပါအဝင် အခြားမြို့ကြီးများ၌ လျင်မြန် စွာပျံ့နှံလျက်ရှိပြီး၊ ရောဂါကူးစက်မှုများမှာ ယခင်ကထက် များပြားလာသည်အတွက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သို့ ထွက်ခွာခြင်း မပြုဘဲ မိမိနေအိမ်တွင်နေထိုင်ကြရန်၊ အပြင်သို့ထွက်ခွာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကို စနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောကြရန်၊ ကိုဗစ်-၁၉ ကူးစက်ခံရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အချိန်မီဆက်သွယ်ပြီး၊ စနစ်တကျဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် မပျက်မကွက် ထိုးနှံပေးကြပါရန် စသည်တို့ကို အသိပေး နိုးဆော်တိုက်တွန်းပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment