သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်



 MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက် လာသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ကြရန်နှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာကြရန်စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။


ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းမှ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်လုံး ဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကို ကိုဗစ်-၁၉ ရောဂါများကြောင့်  ကျင်းပပြုလုပ် နိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့သည်မှာ (၂)နှစ်ရှိပြီဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော်(၃)ရက်နေ့တွင် (၁၂၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃဒါန ဆွမ်းကြီး လောင်းလှူပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း၊ စည်းကမ်းချက်များနှင့်အညီ အကျဉ်းရုံး ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ရေး နှိုးဆော်အသိပေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီးနောက်   မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာမှ မိမိတို့ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ လျှပ်စစ်ဓာတ်အားခကြွေးကျန်များနှင့်ပတ်သက်၍  တစ်ဆင့် ပြန်လည် နှိုးဆော်ဆောင်ရွက်ပေးသွာကြရန် ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်၊ ကျေးရွာများတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ စာရေးဝန်ထမ်းများမှ ၎င်းတို့တာဝန်ကျကျေးရွာများတွင် လိုအပ်လျက်ရှိသော ပညာရေးဝန်ထမ်းများနှင့် ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီးအပြန်အလှန် ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာများနှင့် လစဉ် (၁၅) ရက်နေ့တွင် တစ်ကြိမ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းနှင့်တစ်ကြိမ်၊ တစ်လလျှင်(၂)ကြိမ် ၊ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)