ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားခါးမြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး

 




MNP - စက်တင်ဘာ   ၁၁


ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ် သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက် ကုန်များကို ယမန်နေ့ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့၌ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများမှ ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရောင်းချသည့် ဆန်၊ ပဲဆီ၊ နေကြာဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ချဉ်ပေါင်၊ ကန်စွန်းရွက်၊ ဂေါ်ရခါးညွှန့်၊ မုန်ညှင်းနှင့် ငရုပ်သီးစိမ်း စသည့်အခြေခံ စားသောက်ကုန်များအပြင် ဟားခါးတပ်နယ်မှ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဒေသပေါက် ဈေးထက် ၂၀ ရာခိုင်နှုန်းလျှော့၍ ရောင်းချပေးခဲ့သည်။


“အခုလို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာ ကျေးဇူးတင်ပါတယ်။ ပြင်ပဈေးတွေမှာ ဆန်(၂) ပြည်ဝယ်မယ် ဆိုရင် ၅၉၀၀/−လေ၊။ အခု ၄၇၀၀/− နဲ့ဝယ်ရတော့ ၁၂၀၀/− သက်သာတာပေါ့။ ၁၂၀၀/− ဆိုတာ ကျွန်မတို့ အတွက် အင်မတန်တန်ဖိုးရှိပါတယ်” ဟု ဈေးလာဝယ်နေသည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။  


ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ရေး အထောက်အကူဖြစ်စေရန်နှင့် လတ်တလောဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် အခက်အခဲ ဖြစ်နေသော အခြေခံလူတန်းစားများ၏ စားသောက်မှု အထောက်အကူဖြစ်စေရန်အတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့မှ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး ခြင်းဖြစ်ရာ ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း အလားတူ ရောင်းချပေးသွားမည်ဖြစ်သည်။


ယနေ့ ဟားခါးမြို့တွင်ပြုလုပ်သည့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်ချပေးနေမှုနှင့် ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ ဝယ်ယူနေမှုအခြေအနေကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)