ခရမ်းမြို့နယ်၌ အခြေခံစာသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြို့နယ်၌ အခြေခံစာသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး



MNP - စက်တင်ဘာ  ၁၁


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယနေ့နံနက် ၉ နာရီက  ခရမ်းမြို့နယ်၊ အမှတ် ( ၉ )ရပ်ကွက်  စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် အခြေခံလက်လုပ် လက်စား ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ရောင်းချရာတွင်  ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်၊  စားဆီ တစ်ပိသာလျှင် ၅၃၀၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စု (၂၀၀) စုအားရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲမှ ကြီးကြပ်၍ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)