စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းရေးနှင့် ပန်းခြံသန့်ရှင်းသပ်ရပ် လှပစေရန် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းရေးနှင့် ပန်းခြံသန့်ရှင်းသပ်ရပ် လှပစေရန် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်

 



MNP - စက်တင်ဘာ   ၁


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းသန့်ရှင်းရေးနှင့် ပန်းခြံတည်ဆောက်ပြုပြင်ရာတွင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း (၂၇) ဦးအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမဆောင်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စည်ပင်သာယာ‌ရေး ဝန်ထမ်းများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်က အမှာစကားပြောကြားရာတွင် အထူးသဖြင့် မြို့သန့်ရှင်းရေးနှင့် ပန်းခြံတည်ဆောက်ပြုပြင်ဖန်တီးရာတွင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ပါဝင်ကူညီ ပေးကြသည့် အသိပညာရှင်များ အတတ်ပညာရှင်များနှင့် စည်ပင်သာယာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ပန်းခြံအလှဖန်တီးပုံဖော်ဆောင်ရွက်ကြသည့် ဝန်ထမ်းများကို မိမိတို့အားပေးအပ်သည့် တာဝန်ကို‌ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသည့်အတွက် အထူးပင်ကျေနပ်အားရပါကြောင်း၊ ယခင်နှင့်မတူ ကွဲပြားပြည်သူအများ အပန်းဖြေစိတ်ကြည်နူးစေကြရန်အတွက် ပန်းခြံအတွင်း ပြုပြင်ဆောင်ရွက် ထားရှိမှုများအား အများပြည်သူပြောစမတ်ဖြစ်လောက်အောင် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆထက်ထမ်းပိုး လုပ်ဆောင်ကြရန် ပြောကြားခဲ့ပြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကော်မတီဝင်များမှ အသီးသီး ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ပန်းခြံအတွင်းမှာ မိမိတို့ဝန်ထမ်းများမှ ပြည်သူအများ စိတ်ဝင်စားမှု၊ ပန်းခြံအတွင်းအပန်းဖြေ အနားယူစိတ်ပျော်ရွှင် ကြည်နူးနိုင်ကြစေရန် ဖန်တီး ထားမှုများ အလှပန်းပင်များစိုက်ပျိုးထားရှိမှု ကလေးများအတွက် ကစားကွင်းနှင့် လူကြီးလူငယ်မရွေးခြင်းခတ်ကစားနိုင်ရန် ဆောင်ရွက်ထားရှိမှုများအားလုံးကို မြင်ရသူ ပြည်သူအပေါင်းက ယခင်နှင့်မတူ ကွဲပြားဆောင်ရွက်ထားရှိမှုများနှင့် မြို့နယ်အတွင်း သန့်ရှင်းမှုများကို အထူးကျေနပ်မှုများရှိကြောင်း သိရသည့်အတွက် သန့်ရှင်းရေး ဝန်ထမ်းငယ်များအား ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ စည်ပင်သာယာအမှုဆောင်အရာရှိနှင့် ကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင်များက ယာဉ်မောင်းလုပ်သား (၃) ဦး၊ နေ့စားလုပ်သားများနှင့် စည်ပင်ဝန်ထမ်းငယ်စုစုပေါင်း (၂၇) ဦးတို့အား အခြေခံစားသောက်ကုန်ဖြစ်သည့် တစ်ဦးလျှင် ဆန် ၃ ပြည်၊ ဆီ  ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)