နတ်မောက်မြို့နယ်တွင် မိုးဦးချည်မျှင်ရှည်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရန် မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် မိုးဦးချည်မျှင်ရှည်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရန် မျှော်လင့်

 



MNP - စက်တင်ဘာ   ၁


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ယခင်က မိမိတို့၏ ယာမြေများတွင် မိုးနှောင်းကာလ၌သာ ချည်မျှင်ရှည်ဝါများ စိုက်ပျိုးကြပြီး  ယခုအချိန်တွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။


နတ်မောက်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံများကို ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကင်းထောက်မှတ်တမ်းယူခြင်း၊ တောင်သူများ ကုန်ကျစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး သီးနှံအရည်အသွေးကောင်းမွန်ရေးအတွက် သဘာဝပိုးတားဆေး၊ ပိုးနှင့်ဆေးများ ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြသ ပညာပေးသဖြင့် ဓာတုဆေးများ လျှော့ချသုံးစွဲလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။


နတ်မောက်မြို့နယ်တွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင်-၈နှင့် ရွှေတောင်-၁၀ ဝါမျိုးများကို မိုးဦးကာလတွင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)