၂၀၂၂ခုနှစ် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




MNP - စက်တင်ဘာ   ၃၀


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မရပ်ကွက် အားကစားဇုံရှိ ဖူဆယ်အားကစားကွင်း၌ ၂၀၂၂ခုနှစ် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်‌ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ဗိုလ်လုပွဲတွင် နတ်တလင်း(ခ)အသင်းနှင့် ပေါင်းတည်(က)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါင်းတည်(က)အသင်းက (၄)ဂိုး၊ နတ်တလင်း(ခ)အသင်းက (၂)ဂိုးဖြင့် ပေါင်းတည်(က) အသင်းမှ အနိုင်ရရှိခဲ့သည်။


ဆုချီးမြှင့်ပွဲတွင် ပထမရရှိသော ပေါင်းတည်(က)အသင်းအား ၂၀၂၂ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်‌ဘောလုံးပြိုင်ပွဲ ဆုဖလားနှင့် ဆုငွေ (၅) သိန်းကျပ်၊ ဒုတိယရရှိသော နတ်တလင်း(ခ)အသင်းအား (၃) သိန်းကျပ်၊ တတိယရရှိ‌သော သဲကုန်း(က) အသင်းအား ဆုငွေ(၂)သိန်းကျပ်နှင့် တစ်ဦးချင်းဆုတံဆိပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)