ရွှေတိဂုံစေတီတော် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲအခမ်းအနား ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲအခမ်းအနား ကျင်းပမည်



MNP - စက်တင်ဘာ   ၃၀


လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီ ပွဲတော်များအနက် ၁၃၈၄-ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်သည်။


သီတင်းကျွတ် အဖိတ်နေ့ အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅နာရီအချိန်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စ အကျိုးဆောင်အသင်းများက ရောင်စုံမီးပုံးများ ကိုယ်စီကိုင်ဆောင်လျက် လျှပ်စစ်မီးဖြင့် ထွန်းညှိပူဇော်ထားသည့် မီးစေတီများဖြင့် စေတီတော်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်၍ အောင်မြေ၌ စုပေါင်းဆီမီး ပူဇော်ကြမည်ဖြစ်သည်။


သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၉ရက်နေ့ နံနက်၆နာရီအချိန်တွင် စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများ အမေးအဖြေပြုလုပ်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး၊ နံနက် ၉ နာရီခွဲ အချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလခံယူပွဲ အခမ်းအနားနှင့် ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ ဟု ဆိုအပ်သော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲ ရေစက်ချ အခမ်းအနားကို စေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပပြုလုပ်ပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများ ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)