ဟိုပန်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းကျေးရွာ အကောင်ထည်ဖော်ရေး လုပ်ငန်းဆိုင်ရာများအား ကွင်းဆင်းရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းကျေးရွာ အကောင်ထည်ဖော်ရေး လုပ်ငန်းဆိုင်ရာများအား ကွင်းဆင်းရှင်းလင်း



MNP - စက်တင်ဘာ   ၁၀


နိုင်ငံတော်မှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် အရင်းမပျောက် မတည်‌‌ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံဖြင့် မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဟိုပန်မြို့၊ ဌာနဆိုင်ရာများပူးပေါင်း၍ ဟိုပန်မြို့နယ် စံပြကျေးရွာ၊ ရွှေဝါကျေးရွာ နှင့် နောင်မိုကျေးရွာ အုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဉီးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်၊ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်မောင်လင်းနှင့် ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းကာ ကျေးရွာအုပ်စုသုံးအုပ်စုအတွင်းရှိ ပြည်သူလူထုများအား  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံဖြင့် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးကဏ္ဍ၊မွေးမြူရေးကဏ္ဍ ဆိုင်ရာလုပ်ငန်းများကိုသက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ကွင်းဆင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။


အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ဟိုပန်မြို့နယ် စံပြကျေးရွာမှ (၃၅)ဦး၊ ရွှေဝါကျေးရွာမှ (၇၅)ဦးနှင့် နောင်မိုကျေးရွာမှ (၃၀)ဦး စုစုပေါင်းပြည်သူ (၁၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)