မိုးမောက်မြို့နယ်၌ မွေးမြူရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးမောက်မြို့နယ်၌ မွေးမြူရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၀


ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက အများပြည်သူဗဟုသုတ ရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး မွေးမြူရေးဆိုင်ရာများ မေးမြန်းဆွေးနွေးကာ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က မိုးမောက် မြို့နယ်အတွင်း မွေးမြူရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မွေးမြူရေးခြံများတွင် ကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထားမှုအခြေအနေများ၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ ကိစ္စရပ်များကို ဒေသခံပြည်သူများအား လိုအပ်လာပါက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)