ပြည်မြို့နယ်တွင် နယ်လှည့်‌ရွေ့လျား မိုဘိုင်းယာဉ်‌ဈေးကားဖြင့် ပြည်သူများအတွက်‌ ဈေးနှုန်းချိုသာစွာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ လှည့်လည်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် နယ်လှည့်‌ရွေ့လျား မိုဘိုင်းယာဉ်‌ဈေးကားဖြင့် ပြည်သူများအတွက်‌ ဈေးနှုန်းချိုသာစွာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ လှည့်လည်ရောင်းချပေး





MNP ၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများအဖွဲ့က ဒေသတွင်းပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် နယ်လှည့်‌ရွေ့လျားမိုဘိုင်းယာဉ်‌ ဈေးကားဖြင့် ပြည်သူများထံအရောက်  စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ရောင်းချပေးရာတွင် ပြည်မြို့နယ် မှော်ဇာကျေးရွာ စိုက်ပျိုးရေးတောင်သူများ၏ သန့်ရှင်းလတ်ဆတ်သော ဒေသထွက်ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ငှက်ပျောသီး၊ ဖရဲသီး၊ ရှောက်သီးအစရှိသည့် သစ်သီးဝလံများအပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြစ်သော ဆန်အပါအဝင် ကြက်ဥ၊ ဘဲဥနှင့် သီးပင်/စားပင်၊ ပန်းအလှပင်များကို ရွာဘဲနယ်မြေ၊ ကိုးသောင်းရပ်ကွက်၊ ကိုးသောင်းဈေးရှေ့နှင့် ဆံတော်ရပ်ကွက်၊ ကသည်းဈေးရှေ့တို့၌ ဈေးသွားဈေးလာပြည်သူများအား  ပြင်ပထက် ချိုသာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြပြီး ယင်းသို့ရောင်းချပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့က လာရောက်ကြည့်ရှုအားပေးသည်။


ပြည်မြို့နယ်တွင်  တစ်ပတ်လျှင်နှစ်ကြိမ်နှုန်းဖြင့်  မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအသီးသီးရှိ ပြည်သူများထံအ‌ရောက် အလားတူ နယ်လှည့်‌ ရွေ့လျားမိုဘိုင်းယာဉ်‌ ဈေးကားဖြင့် အပတ်စဉ်စနေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း လှည့်လည်ရောင်းချပေးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှသိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)