Quarantine Center ထားရှိမည့်နေရာ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

Quarantine Center ထားရှိမည့်နေရာ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊  စက်တင်ဘာ  ၁၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ ထားဝယ်-ရန်ကုန် အဝေးပြေးကားလမ်းမ ကြီးနဘေး  အမှတ်(၂၅ခြေလျှင်တပ်ရင်းရှေ့ စွန့်လွှတ်ကျောင်းနေရာ၌ ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ် လျှက်ရှိရာ ယနေ့ပြုလုပ်သည့်နေရာသည် Quarantine Center ထားရှိမည့်နေရာဖြစ်သောကြောင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများကို သီးခြားစောင့်ကြပ်ထားရှိမည့်နေရာဖြစ်သည့်အတွက် အဆင်သင့်ဖြစ် စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ထားဝယ်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံသိရသည်။


အဆိုပါ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ၊ ထား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်၊ ထားဝယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ရဲမင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဝင်း၊ တိုင်းအကူတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး တင်မင်းဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်ကျော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ထွန်းစံနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စွန့်လွှတ် ကျောင်းဝင်းအတွင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့်ရှင်းလင်းခြင်း၊အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသိမ်းဆည်း ခြင်း၊ Quarantine Center ထားရှိမည့်အဆောင် အတွင်း၊ အပြင်တို့တွင် မီးသတ်ရေပိုက်ခေါင်း များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေးဖျန်းဆေးကြောခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အပတ်စဉ် စနေနေ့တိုင်း ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


နိုင်ဝင်း(အရှေ့တိုင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)