အမရပူရမြို့နယ်တွင် အင်ဂျင်အပူလွန်ကဲရာမှ ကားတစ်စီးမီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်တွင် အင်ဂျင်အပူလွန်ကဲရာမှ ကားတစ်စီးမီးလောင်မှုဖြစ်ပွား



MNP - စက်တင်ဘာ   ၂၈


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်တော်ကျေးရွာပိုင် မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းဘေးကွင်း အမှတ် ၆၀၆ Denko ဓာတ်ဆီဆိုင်နှင့် အောင်သာဓာတ်ဆီဆိုင်ကြား ယမန်နေ့ ည ၈ နာရီခွဲခန့်က ကားတစ်စီးမီးလောင်နေကြောင်း သတင်းအရ အမရပူမြို့နယ်မီးသတ်ဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထက် ဦးစီးကာ အဖွဲ့ဝင် (၉) ဦး၊ အရန်မီးသတ် ၈ ဦးအဖွဲ့တို့မှ သွားရောက်မီးငြိမ်းသတ်ရာ ၉ နာရီဝန်းကျင်ခန့်တွင် မီးငြိမ်းသတ်မှုပြီးဆုံးပြီးခဲ့ပြီး ဖြစ်စဉ်မှာ ယာဉ်အမျိုးအစား Canter အဖြူရောင်ယာဉ် ဓာတ်မြေသြဇာတင်ဆောင်ထားသော ကားမှာ အင်ဂျင်အပူလွန်ကဲပြီး ကားခေါင်းမီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားသော ယာဉ်မောင်းနှင့် အဆိုပါကားပိုင်ရှင်းအား စုံစမ်းဖော်ထုတ် ဖမ်းစီးရမိရေး၊ မီးလောင်မှုအား ဖြစ်ပွားစေသူ ယာဉ်မောင်း (စိစစ်ဆဲ) အား အမရပူရမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။


သတင်း - စိုးသီဟ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)