ပန်းတောင်းမြို့နယ်တွင် စားသုံးဆီများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် စားသုံးဆီများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး




MNP - စက်တင်ဘာ   ၃၀


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးဆီများကို ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသုံးဆီ (၃၀၀)ပိဿာအား မိသားစုတစ်စုလျှင် (၁)ပိဿာ ၅၄၀၀ကျပ်နှုန်းဖြင့် ယမန်နေ့နံနက်ပိုင်းက သက်သာသောဈေးနှုန်းဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စားသုံးဆီများကို စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ ကြခတ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု(၉၃)စုအား စာသုံးဆီပိဿာ (၉၃)ပိဿာအားလည်းကောင်း၊ မြို့မရဲစခန်းရှိ ဝန်ထမ်းမိသားစု (၆၁)စုအား စားသုံးဆီပိဿာ (၆၁)ပိဿာအားလည်းကောင်း၊ မြို့နယ်စာရင်းစစ် ရုံးဝန်းအတွင်းနေ မိသားစု (၈)စုအား စားသုံးဆီပိဿာ (၈)ပိဿာအားလည်းကောင်း၊ မြေစာရင်းဦးစီးဌာနရုံးရှိ ဝန်ထမ်းမိသားစု (၃၃)စုအား စားသုံးဆီပိဿာ (၃၃)ပိဿာအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစု (၃၄)စုအား စားသုံးဆီပိဿာ (၃၄)ပိဿာအားလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းမိသာစု (၂၂)စုအား စားသုံးဆီပိဿာ (၂၂)ပိဿာအားလည်းကောင်း၊ သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းမိသားစု (၁၂)စုအား စားသုံးဆီပိဿာ (၁၂)ပိဿာအားလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ ဝန်ထမ်းမိသားစု (၅)စုအား စားသုံးဆီပိဿာ (၅)ပိဿာအားလည်းကောင်း၊ စီမံကိန်းဦးစီးဌာနရှိ ဝန်ထမ်းမိသားစု (၃)စုအား စားသုံးဆီပိဿာ (၃)ပိဿာအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းမိသားစု (၅)စုအား စားသုံးဆီပိဿာ (၅)ပိဿာအားလည်းကောင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု (၂)စုအား စားသုံးဆီပိဿာ (၂)ပိဿာအားလည်းကောင်း၊ ကြေးနန်းနှင့် စာတိုက်ဦးစီးဌာနမှ ဝန်ထမ်းမိသားစု (၈)စုအား စားသုံးဆီပိဿာ (၈)ပိဿာအားလည်းကောင်း၊ လူမှုဖူလုံရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု (၉)စုအား စားသုံးဆီပိဿာ (၉)ပိဿာအားလည်းကောင်း စားသုံးဆီများအား အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာ ၅၄၀၀ ကျပ်နှုန်းဖြင့် စားသုံးဆီ (၃၀၀)ပိဿာအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းကို စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။


သတင်း - သင်းသင်းအေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)