ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ထိုင်းနိုင်ငံ Channel 5 Media အဖွဲ့နှင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ထိုင်းနိုင်ငံ Channel 5 Media အဖွဲ့နှင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် တွေ့ဆုံဆွေးနွေး




MNP - စက်တင်ဘာ   ၃၀


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ထိုင်းနိုင်ငံ Channel 5 Media အဖွဲ့တို့ တွေ့ဆုံမိတ်ဆက်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ညောင်ဦးမြို့ Aureum Palace Resort Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ထိုင်းနိုင်ငံ Channel 5 Media အဖွဲ့များ မြန်မာနိုင်ငံ၏ခရီးသွားမြှင့်တင်ရေး ကဏ္ဍတစ်ရပ်အနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှု၊ မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုး၊ စေတီ၊ သာသနိက အဆောက်အအုံများကို Channel 5 Media အဖွဲ့မှရိုက်ကူးပြီး ထုတ်လွှင့်ပြသ၍ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးကဏ္ဍမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။


၎င်းနောက် ထိုင်းနိုင်ငံ Channel 5 Media မှ အဖွဲ့ခေါင်းဆောင် Mr. KHIRIRATH က တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးနှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများအားကျေးဇူး တင်ရှိကြောင်း၊ ပုဂံဒေ၏တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအလှအပများကို Channel 5 Media အဖွဲ့သားများစိတ်ဝင်စားကြပြီး အကောင်းဆုံးရိုက်ကူးတင်ဆက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပုဂံဘုရားများကိုရေးဆွဲထားသည့် ပန်းချီကားအား Channel 5 Media အဖွဲ့သို့ လက်ဆောင်ပေးအပ်ခဲ့ပြီး ဒေသခံခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝိတ်၊ ခရီးသွား လုပ်ငန်းရှင်အသင်း မန္တလေးဥက္ကဋ္ဌ ဦးကျော်မျိုးထိုက်(ခေါ်)ဦးစိုင်းတို့က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က Channel 5 Media အဖွဲ့သားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားမြှင့်တင်ရေး ရိုက်ကူးရေး လာရောက်သည့်အချိန်တွင် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)