လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်


MNP ၊ စက်တင်ဘာ ၂၈

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာသက်သက်ခိုင်က လူကုန်ကူးမှုဖြစ်စဉ်များသည် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်တွင်းငြိမ်းချမ်းမှုတို့နှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်း၊  “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်” ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် အတည်ပြု ဖြန့်ဝေခဲ့ကြောင်း၊ အဆိုပါစံလုပ်ငန်းအစီအစဉ်တွင် ဖော်ပြပါရှိသောယေဘုယျ ဦးတည်ချက်၊ လိုက်နာရမည့်အခြေခံမူနှင့် အထွေထွေလမ်းညွန်ချက်များ၊ စံလုပ်ငန်းအစီအစဉ်များဖြစ်သော လူကုန်ကူးခံရသူအဖြစ် ဖော်ထုတ်သတ်မှတ်ခြင်း၊ ကြားကာလကာ ကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်ပို့ဆောင်ခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း စသောလုပ်ငန်းစဉ်များနှင့်အညီ   လူကုန်ကူးခံရသူများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန် စံလုပ်ငန်းအစီအစဉ်အသုံး ပြုနည်းသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အတည်ပြုထုတ်ဝေပြီးဖြစ်သည့် “လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်” ပါလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်မည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ စက်တင်ဘာ ၂၈ ရက်မှ ၃၀ အထိ ဖြစ်ကြောင်း သိရသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)