နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လတာအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် အစည်းအဝေး လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လတာအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် အစည်းအဝေး လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး



MNP - စက်တင်ဘာ   ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ (၆)လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အစည်းအဝေးလမ်းညွှန် မှာကြားချက် များအား ရှင်းလင်းခြင်းနှင့် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် အစိုးရအဖွဲ့အနေ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့် အညီ၊ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှ ဇူလိုင် (၃၁)ရက်အထိ (၆)လပတ် ကာလ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လမ်းညွှန်မှာကြားချက်များကို ဌာနဆိုင်ရာများအနေဖြင့် သိရှိလိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန် အထူးမှာ ကြားလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများက ညွှန်ကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆောင်ရွက်ရမည့် လမ်းညွှန်မှာ ကြားချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက အစည်းအဝေး လမ်းညွှန် မှာကြားချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းကဏ္ဍများကို ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ပြည်နယ်အတွင်း ရေအားလျှပ်စစ် တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ဆိုလာစနစ်ဖြင့် မြစ်ရေတင်စီမံကိန်း လုပ်ငန်းများ၊ တိုင်းရင်းသားပြည်သူများ စာပေဗဟုသုတတိုးပွားရေးဆိုင်ရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် သုံးသပ် ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြား ချက်များသည် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများဖြစ်သည့် အတွက် ဌာနဆိုင်ရာများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရေးနှင့် ချိတ်ဆက်ပူးပေါင်းဆောင် ရွက်သွားရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)