အခြေခံစား‌ကုန်၊ အသားနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံစား‌ကုန်၊ အသားနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ  ၂၇


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်၊ အသားနှင့်ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ကြက်သား၊ စိုက်ခင်းထွက်ဟင်းသီး ဟင်းရွက်ငါးမျိုးကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး  ဌာနဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။


ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များ ဈေးနှုန်းထက်ဈေးနှုန်းသက်သာသည့် အခြေခံစာသုံးဆီနှင့် လတ်ဆတ်သည့် မွေး မြူရေးခြံထွက်ကြက်ဥများကို ထပ်မံရောင်းချပေးရန် မျှော့်လင့်လျက်ရှိကြောင်း "ဆန်(၁)ပြည်(၁၅၀၀/)နှုန်း၊ဆီ(၁)ပိဿာကို ကျပ်(၇၀၀၀/) နှုန်း ကြက်ဥ (၁)လုံးကို ကျပ်(၂၀၀/)နှုန်းဖြင့်ဝယ်ယူခဲ့ကြောင်း ဈေးဝယ်သူများထံမှသိရသည်။


သတင်း - ဒေါ်ဖြူဖြူသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)