MNP - စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း ငလျင်သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့ သရုပ်ပြသခြင်းများကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်လင်းထွဋ်က ငလျင်သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ကြရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment