ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာရှိ လက်မှုပညာလုပ်ငန်းဖြစ်သော ဝါးနှီးဖျာလုပ်ငန်းအား ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာရှိ လက်မှုပညာလုပ်ငန်းဖြစ်သော ဝါးနှီးဖျာလုပ်ငန်းအား ကြည့်ရှု



MNP - စက်တင်ဘာ  ၂၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်း ကျေးရွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ကျော်ကတည်းက လုပ်ကိုင်လျက်ရှိသည့် ဝါးနှီးဖျာလုပ်ငန်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ ယမန်နေ့နံနက် ၁၀ နာရီက လာရောက်ကြည့်ရှုအားပေးခဲ့သည်။


ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီ ဦးဇေယျာလင်းက " ကျေးလက်နေပြည်သူများ  စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လူမှုဘဝနေထိုင်မှု၊ လုပ်ကိုင်မှုတွေကို အဆင့်အတန်းမြင့်စေလိုကြောင်း၊ လက်ရှိလုပ်ကိုင်လျက်ရှိတဲ့ ဝါးနှီးဖျာလုပ်ငန်းမှ အလေအလွင့်နည်းသော နည်းပညာများကို အသုံးပြုပြီး တီထွင်ဆန်းသစ်မှုဖြင့် ထုတ်ကုန်များကို ထုတ်လုပ်စေလိုကြောင်း၊ လိုအပ်သောနည်းပညာနှင့် နည်းလမ်းများကို သက်ဆိုင်ရာဌာန ဆိုင်ရာများထံမှ အညီအညီများ တောင်းခံရယူနိုင်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ကျေးရွာအတွင်းလုပ်ကိုင်လျက်ရှိသည့် လက်မှုပညာလုပ်ငန်းဖြစ်သော ဝါးနှီးဖျာလုပ်ငန်း လုပ်ကိုင်ရောင်းချမှုအခြေအနေများအား ဆွေးနွေးခဲ့ပြီး ဝါးနှီးဖျာယက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် " ဝါးနှီးဖျာယက်လုပ်တဲ့လုပ်ငန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက လုပ်ကိုင်လျက်ရှိပြီး ကျွန်တော်တို့ရွာက ထွက်ရှိတဲ့ ဝါးနှီးဖျာတွေကို အထက်မြန်မာပြည်နှင့် ဘုရားပွဲတော်များတွင် အဓိကထားရောင်းချလျက်ရှိကြောင်း၊ ကျွန်တော်တို့ရွာရဲ့ လူဦးရေ ၇၀ရာခိုင်နှုန်းခန့်ဟာ ဝါးနှီးဖျာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း" ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


အဆိုပါဆွေးနွေးပွဲသို့  နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ သစ်တော်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်၊ ကျေးရွာမှတာဝန်ရှိသူများနှင့် ဝါးနှီးဖျာယက်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)