မုံရွာတွင် သိန်းတစ်ရာရွှေဆိုင် ရွှေဆယ်ပိသာခန့် ဓါးပြတိုက်ခံရ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာတွင် သိန်းတစ်ရာရွှေဆိုင် ရွှေဆယ်ပိသာခန့် ဓါးပြတိုက်ခံရ



MNP ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့လယ်မီးပွိုင့်အနီးရှိ သိန်းတစ်ရာရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူများက သေနတ်ပြပြီး ရွှေဆယ်ပိသာခန့် ဓါးပြတိုက် လုယက်သွားမှု ယမန်နေ့ (စက်တင်ဘာ ၁၁) နံနက် ၁၀နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၂၀ ဝန်းကျင်ခန့် သေနတ်ကိုင်ဆောင်ထားသူ လေးဦးက CRV ကားဖြင့် ရွှေဆိုင်သို့ရောက်လာပြီး ရွေဝယ်မည်ပြောကာသေနတ်ဖြင့် ထုတ်ချိန်၍ ဝန်ထမ်းအမျိုးသမီးလေးဦးကို ကြမ်းပေါ်မှောက်ခိုင်းကာ ဆိုင်ရှင်၏သမီးကို ရွှေများထားသည့်အခန်းဖွင့်ခိုင်းပြီး ရွှေဆွဲကြိုးမျိုးစုံ အလေးချိန်ဆယ်ပိသာခန့်ကို ဓါးပြတိုက် လုယူပြီး ကားဖြင့်မောင်းထွက်သွားကြောင်း သိရသည်။

အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ လေးဦးတွင် နှစ်ဦးက ပစ္စတိုကိုင်ဆောင်ထားပြီး ကျန်နှစ်ဦးက သေနတ်အရှည်ကိုင်ထားကြောင်း နှင့် တာဝန်ရှိသူများ မှုခင်းရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရွှေဆိုင် CCTVမှတမ်းများ၊ မြို့တွင်း CCTVမှတ်တမ်းများ နှင့် ဆက်စပ်သတင်းများအရ တရားခံများအားအမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)