နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာတွှင် လုံခြုံရေးနယ်မြေ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာတွှင် လုံခြုံရေးနယ်မြေ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲ ပြုလုပ်



MNP - စက်တင်ဘာ   ၁၂


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လုံခြုံရေးနယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သရက်ချဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။        


ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုက ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးအောင်ကိုဌေးက ကျေးရွာရှိပြည်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှု ခံယူကြရန် စသည့်အကြောင်းအရာများ ရှင်းလင်းခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်တင်တင်မူက သစ်ဆွေးမြေဩဇာအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ကိုကိုက ပြန်လည်ဖြေကြား  ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - လှဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)