မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ ထိန်းသိမ်းရေးစ ခန်း၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှတာဝန်ရှိသူများတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ ထိန်းသိမ်းရေးစ ခန်း၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှတာဝန်ရှိသူများတွေ့ဆုံ



MNP ၊ စက်တင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခက်အခဲကြုံတွေ့နေရသောပြည်ပရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးရေးအစီအစဉ်အရ မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့ရှိ ထိန်းသိမ်းရေးစ ခန်း၌ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှတာဝန်ရှိသူများတွေ့ဆုံခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့၌ ရောက်ရှိအလုပ်လုပ် ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်း ဆီးခံရပြီးနောက် ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိနေသူများအား စက်တင်ဘာ ၁၀ ရက်ကသွား ရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက ဂျိုဟိုးမြို့၊ Pekan Nanas ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသူများအား တွေ့ဆုံခဲ့ကြသည်။

ဂျိုဟိုးမြို့၊ Pekan Nanas ထိန်းသိမ်းရေးစခန်း၌ မြန်မာနိုင်ငံသား အမျိုးသား ၅၁ ဦးနှင့်အမျိုးသ မီး ၂၀ ဦး(စုစုပေါင်း ၇၁ ဦး)တို့ ထိန်းသိမ်းခံထားရသည်။

အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား တတိယအတွင်းဝန်နှင့် တာဝန်ရှိသူများက တွေ့ဆုံစစ်ဆေးကာ ခေါက်ဆွဲ၊ မုန့်၊ လိမ်းဆေးများ ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံသားဟုတ်မှန်ကြောင်း အထောက်အထားပြည့်စုံသူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)