ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်



MNP - စက်တင်ဘာ   ၁၀


ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် စက်တင်ဘာ ၁၃ ရက်နေ့၌ ကျရောက်မည့်  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၈ရက်နေ့မွန်းလွဲပိုင်းက အဆိုပါ ဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင့်ဆွေက လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေများကိုလည်းကောင်း၊ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသိန်းဇော်မြင့်က လက်ရှိဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအခြေအနေများ၊ လူကုန်ကူးခံရသူများ၏ ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ရာ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT) ၈/၂၀၂၂ သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 


ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်၊ ဒု-ကျောင်းအုပ်ဆရာမကြီး၊ ပါမောက္ခ၊ ဆရာ/ဆရာမများ၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)၈/၂၀၂၂ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၂၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)