မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်



MNP - စက်တင်ဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇နာရီက မတ္တရာမြို့မဈေးတောင်ဘက် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် Maskနှာခေါင်းစည်း (၂၀၀၀)ခုကို ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများ ပြန်လည်မြင့်တက်လာနေပြီ ဖြစ်သည့်အတွက် နေအိမ်အပြင်သို့ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မတ္တရာမြို့ အမှတ်(၅)ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ရှိသူမှ စက်လည်ပတ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံကို မတ္တရာမြို့နယ်မှ အများပြည်သူစုပေါင်း၍ လှူဒါန်းထားခြင်းဖြစ်ပြီး အောက်ဆီဂျင် ထုတ်လုပ်နိုင်မှုမှာ တစ်နာရီလျှင် ၄၀ လီတာအိုး ၁၂ လုံး ထုတ်လုပ်နိုင်ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)