မွန်ပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 


MNP - စက်တင်ဘာ   ၁၇


မွန်ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်  စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်နေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရာမညဇာနည်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက  တပ်မတော်၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊  လုံခြုံရေး တာဝန်ယူဆောင်ရွက်သည့်ရဲတပ်ဖွဲ့ဝင်များ အတွက် စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ကုလားပဲ၊ အာလူး၊ ကြက်သွန်၊ ကြက်ဥအပြင် စက်သုံးဆီနှင့် အခြားလိုအပ်ချက်များ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် တာဝန်ကျေပွန်စွာ ထမ်းဆောင် ရန်တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။


 ထိုနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များအတွက်  ဆန် ၂၄ ပြည် (၂၀)အိတ်၊ ဆီ ၅၀ ကျပ်သား (၂၄၀)ဘူး၊ ကြက်ဥအလုံး (၂၄၀၀)၊ ခေါက်ဆွဲခြောက် (၄၆၀)ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)