တောင်ငူမြို့၌ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose လာရောက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၌ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose လာရောက်ထိုးနှံပေး




MNP -  စက်တင်ဘာ  ၁၇


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့  မြို့မဈေးကြီးနှင့် ဘုရင့်နောင်ဈေး၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၈နာရီက  ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟဦးစီး၍ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးရာနေရာသို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီဟ၊ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ ကာကွယ်ဆေးထိုးနှံကြသည့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အားပေးစကားများ ပြောကြားပြီး စနစ်တကျထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ယခင် ကာကွယ်ဆေးထိုးနှံပြီး(၆)လ နှင့် အထက် ရှိသူများအား ဆေးထိုးနှံပြီးကြောင်း ထုတ်ပေးထားသည့် ဆေးထိုးလက်မှတ်များ ယူဆောင်လာစေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးကို တောင်ငူမြို့ အမှတ်(၈)ရပ်ကွက်ရှိ မြန်မာနှစ်ခြင်းဘုရားကျောင်း၊  အမှတ်(၃)ရပ်ကွက်ရှိ ဆီမီးခွက်ဘုရား၊ အမှတ်(၁၅)ရပ်ကွက်ရှိ ရွှေနှင်းဆီ ဓမ္မာရုံ၊ မြို့မဈေး၊ ဘုရင့်နောင်ဈေး၊ ကေလဇာတီဘုရား၊ ဒေါ်ချောဘုရား၊ သာသနာ့ဗိမာန်အဟောင်း၊ အမှတ် (၂၁)ရပ်ကွက်ရှိ ဒက္ခိဏရာမကျောင်း၊ ကေတုမတီ(မြို့သစ်) မြို့ဦးကျောင်းတို့၌ နေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်းနှင့် သြဂုတ်လအတွင်းမှစတင်၍ ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်မား လာသည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံကြရန် တိုက်တွန်းထားကြောင်း တောင်ငူမြို့နယ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။


သတင်း - ဇော်ကိုကို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)