တောင်ကုတ် ခရိုင်တရားရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ် ခရိုင်တရားရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် တရားရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကံပိုင် ရပ်ကွက်၊ မြို့မသီရိလမ်းရှိ အဆိုပါရုံး၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် ခရိုင်တရားသူကြီး ဦးစိန်ကျော်ဖြူ တို့က အမှာစကားပြောကြားပြီးနောက် မြို့မိမြို့ဖ ဦးကျောက်တောင် က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ထို့နောက် ခရိုင်တရားရုံး ဆိုင်းဘုတ်အား ခရိုင်တရားသူကြီး ဦးစိန်ကျော်ဖြူ ကအမွှေး နံ့သာရည်များပက်ဖျန်းပြီး အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။

တောင်ကုတ်ခရိုင်တရားရုံးအနေဖြင့် တောင်ကုတ်မြို့နယ် ၊ မာန်အောင်မြို့နယ်တို့၌ ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်တရားမမှုများကို စစ်ဆေးစီရင်သွားမည်ဖြစ်ပြီး စက်တင်ဘာ(၁)ရက်နေ့မှစ၍ ရုံးလုပ်ငန်း များ ကိုစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊သံတွဲခရိုင်တရားသူကြီးနှင့်ဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် အဖွဲ့ဝင်များ ၊ တောင်ကုတ်ခရိုင်တရားရုံးနှင့်မြို့နယ်တရားရုံးမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိ ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)