ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး



MNP - စက်တင်ဘာ   ၁


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးနေကြောင်း သိရသည်။


ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီငါးဆယ်သားကို ၂၇၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့(က)နယ်မြေ(၂)ရှိ ကျောင်းစု အရှေ့/အနောက်ရပ်ကွက်၊ လှည်းတန်းရပ်ကွက်၊ (ခ)နယ်မြေ(၁)ရုံးညောင်ပင်ရပ်ကွက်၊ သာယာဝတီအရှေ့ရပ်ကွက်၊ သာယာဝတီအလယ် ရပ်ကွက်၊ သာယာဝတီအနောက်ရပ်ကွက်နေရာများအား Mobile ကားဖြင့်လိုက်လံရောင်း ချလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများလက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိသာချိန် ၁၀၀၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)