မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) ထည့်သွင်းခြင်းများ အချိန်မီပြီးစီးရေး နေ့စဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆) ထည့်သွင်းခြင်းများ အချိန်မီပြီးစီးရေး နေ့စဉ်ဆောင်ရွက်



MNP - စက်တင်ဘာ  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား e-ID Software  Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား  သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း(ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e - ID စနစ်ဖြင့် Software  အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။


မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် အဆိုပါလုပ်ငန်းများကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်၍ နေ့စဉ်ဆောင်ရွက်ခဲ့ပြီး  မြို့နယ်အလိုက် သတ်မှတ်အိမ်ထောင်စုများကို ပြီးစီးအောင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ရာ မြောင်းမြမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၉၄၆၃၇)စုရှိရာ စက်တင်ဘာ ၁၅ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ထည့်သွင်းပြီးစီးမှုမှာ (၈၃၁၉၆)စု ရှိပြီး၊(၈၇.၉၁%)ပြီးစီးကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)