မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်း ရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်း ရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး




MNP - စက်တင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၂) (ရေတွင်းရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းခင်းဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။


အဆိုပါ အ.ထ.က (၂) (ရေတွင်းရေကန်) ကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းမည့် အရှည်သည်  (၁၁၀၀) ပေရှိပြီး၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မဖြင့် ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်မည်ဖြစ်ပြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျပ်သိန်း (၁၉၈)သိန်း အကုန်အကျခံ၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လမ်းကော်မတီမှ  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လုပ်ကိုင် ဆောင်ရွက်သွားရန် မှာကြားခဲ့‌ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)