သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ငွေ ပေးအပ်



MNP - စက်တင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၅၉)ဦးတို့ကို မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပြည်အေးခန်းမ၌ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့လွှဲ‌ပြောင်း ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်ယဉ်ယဉ်မြင့်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ) သုံးလစာ လူမှုရေးပင်စင် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး(၃၃၄)ဦး၊ အဘွား(၅၂၅)ဦး သက်ကြီးဘိုးဘွာ(၈၅၉)ဦးတို့ အတွက် ပေါင်းငွေ ကျပ်(၂၅,၇၇၀,၀၀၀)တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြကြောင်းသိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)